ဝိညာဉ်ရေး ထက်သန်နေအောင် ထိန်းသိမ်းခြင်း
‘Rocky’ (ရော့ကီ) ရုပ်ရှင်တွဲများသည် ဘယ်လိုပဲဖြစ်ဖြစ် လုံးဝအရှုံးမပေးဟု ခိုင်မာသည့်ဆုံးဖြတ်ချက်ဖြင့် အတွေ့အကြုံမရှိသေးသော လက်ဝှေ့သမားလေး၏ မဖြစ်နိုင်သည့်အရာများကို ကျော်ဖြတ်ကာ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာပုံကို ရိုက်ပြထား သည်။ ‘Rocky III’ တွင် အောင်မြင်လာသော ရော့ကီသည် သူ၏အောင်မြင်မှုများ၌ ကျေနပ်ယစ်မူးလာခဲ့သည်။ တီဗီကြော်ငြာများရိုက်ရခြင်းက သူ၏လေ့ကျင့်ချိန်ကို ပျက်ပြားစေခဲ့သည်။ ချန်ပီယံကြီးမှာ အားပျော့လာပြီး စိန်ခေါ်သူ၏အလဲထိုးမှုကို ခံခဲ့ရသည်။ ရုပ်ရှင်၏ကျန်သည့်အပိုင်းမှာ သူ၏ထူးချွန်သည့် တိုက်ရည်ခိုက်ရည်ပြန်ရ အောင်ကြိုးစားသည့် ရော့ကီ၏ အားထုတ်မှုကို ရိုက်ပြထားသည်။
ဝိညာဉ်ရေးရာ၌ ယုဒဘုရင်အာသ၏ ထက်သန်မှု ပျောက်ဆုံးနေသည်။ ကနဦး သူအုပ်ချုပ်စဉ် ထိတ်လန့်ဖွယ်ရာများ ကြုံရချိန်၌ ဘုရားကိုသာ သူအားကိုးခဲ့သည်။ ခွန်အားကြီးသော ကုရှလူမျိုးများ တိုက်ခိုက်ရန် ကြံစည်သည့်အခါ ဘုရင်အာသက “အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ခိုလှုံ၍ နာမတော်ကို အမှီပြုလျက်၊ ဤအလုံးအရင်းကြီးကို တိုက်ခြင်း ငှာ သွားပါ၏”ဟု ဆုတောင်းခဲ့သည်…
ခရစ်တော်၌ အသီးနှင့်ပြည့်စုံသော ယုံကြည်သူများ
အကျိုးအမြတ်မယူသော ကုမ္ပဏီတစ်ခုတွင် အလုပ်သစ်ရခဲ့၍ Cindy (စင်ဒီ) စိတ်လှုပ်ရှားခဲ့သည်။ ခြားနားမှုကိုဖြစ်စေမည့် မည်မျှကောင်းသော အခွင့်အရေးပါနည်း။ သူမ၏လုပ်ဖော်ကိုင်ဖက်များ၌ သူမ၏စိတ်အားထက်သန်မှုမျိုး မရှိကြောင်း မကြာမီ သိလိုက်ရသည်။ သူတို့သည် ကုမ္ပဏီ၏သာသနာ့တာဝန်ကို လှောင်ပြောင်သရော်ပြီး၊ သူတို့၏စွမ်းဆောင်ရည် ညံ့ဖျင်းမှုကို ဆင်ခြေပေးကာ၊ အကျိုးအမြတ်များသော ရာထူးများကို အခြားနေရာများတွင် ရှာနေကြသည်။ ဤအလုပ်ကို မလျှောက်မိလျှင်အကောင်းသားဟု စင်ဒီ ဆန္ဒပြုမိသည်။ အဝေးက ကြည့်လျှင် မြင့်မြတ်သည်ဟုထင်ရသောအရာသည် အနီးကပ်မြင်ရသောအခါ စိတ်ပျက်စရာ ကောင်းလှသည်။
ဤသည်မှာ ယနေ့ဖတ်ရန် ကျမ်းပိုဒ်မှ သင်္ဘောသဖန်းပင်နှင့် သခင်ယေရှုတို့၏ ပြဿနာဖြစ်သည် (မာ ၁၁:၁၃)။ အစောပိုင်းရာသီတွင် သဖန်းပင်ရွက်များဝေဆာနေခြင်းက သဖန်းသီးစောသီးမည့်လက္ခဏာ ဖြစ်နိုင်သည်။ သို့သော် ထိုသို့မဟုတ်ဘဲ ထိုသဖန်းပင်၌ အသီး မသီးသေးပေ။ စိတ်ပျက်လျက်နှင့် သခင်ယေရှုက ထိုအပင်အား “ယခုမှစ၍ အစဥ်မပြတ် သင်၏အသီးကို အဘယ်သူမျှ မစားစေနှင့်ဟု မိန့်တော်မူ၏” (:၁၄)။ နောက်တစ်နေ့မနက်တွင် တစ်ပင်လုံး…
ကြွယ်ဝရက်ရောသော မေတ္တာ
လေယာဥ်ပေါ်၌ ကျွန်တော်နှင့်ထိုင်ခုံချင်းကပ်ရက်အမျိုးသမီးက သူမသည် ဘာသာရေးကိုင်းရှိုင်းသူ မဟုတ်ကြောင်းနှင့် ခရစ်ယာန်များစွာနေထိုင်သည့် မြို့တစ်မြို့သို့ ပြောင်းရွှေ့ခဲ့သည့်အကြောင်းကို ပြောပြသည်။ သူမ၏အိမ်နီးချင်းအများစုသည် ဘုရားကျောင်းတက်ကြကြောင်း ပြောသဖြင့် သူမ၏အတွေ့အကြုံအကြောင်း မေးကြည့်ရာ၊ အိမ်နီးချင်းများ၏ ရက်ရောကြင်နာမှုကို သူမအနေဖြင့် ပြန်လည် ပေးဆပ်ရန် မဖြစ်နိုင်ဟု သူမက ပြောသည်။ သူမ၏မသန်စွမ်းဖခင်အား နိုင်ငံအသစ်သို့ ခေါ်လာသည့်အခါ အိမ်နီးချင်းများက သူမအိမ်နှင့်ဆက်ထားသည့် ဆင်ခြေလျှောလမ်းတစ်ခုကို ပြုလုပ်ပေးခဲ့ပြီး၊ ဆေးရုံသုံးကုတင်နှင့် ဆေးဝါးပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။ “ခရစ်ယာန်ဖြစ်ခြင်းက လူတစ်ယောက်ကို အင်မတန်ကြင်နာတတ်စေတယ်ဆိုရင် လူတိုင်းခရစ်ယာန်ဖြစ်သင့်တယ်”ဟု သူမက ဆိုသည်။
သူမပြောသည့်အရာက သခင်ယေရှု မျှော်လင့်ထားသည့်အရာနှင့် တစ်ထပ်တည်းဖြစ်သည်။ “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့” (မ ၅:၁၆) ဟု တပည့်တော်များအား သခင်ယေရှုမိန့်မှာခဲ့သည်။ ရှင်ပေတရုသည် ခရစ်တော်၏မိန့်မှာချက်ကို “သာသနာပလူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသော…
သူစိမ်းဧည့်သည်များအား ကြိုဆိုပါ
Daniel Nayeri (ဒန်နီယယ် နေရီ) ၏ ‘Everything Sad Is Untrue’ (ဝမ်းနည်းစရာတိုင်းသည် အမှန်မဟုတ်ပါ) စာအုပ်တွင် သူ့မိခင်၊ ညီမတို့နှင့်အတူ ဖိနှိပ်ညှဥ်းဆဲခြင်းခံရမှုများမှ ဒုက္ခသည်စခန်းမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ခိုလှုံရန် သွားရောက်ခဲ့သည့် စိတ်လှုပ်ရှားဖွယ် လေယာဥ်ခရီးစဥ်အကြောင်းကို ဖော်ပြထားသည်။ သက်ကြီးပိုင်းဇနီးမောင်နှံက သူတို့ကို မသိသော်လည်း ထောက်ပံ့ရန် သဘောတူခဲ့သည်။ နှစ်ပေါင်းများစွာတိုင် ဒန်နီယယ်သည် ထိုအမှုကို နားမလည်နိုင်ခဲ့ပါ။ သူတို့အကြောင်းကို လုံးဝမသိသော်လည်း ၎င်းတို့ ဤသို့ဆုံးဖြတ်ချက်ချခဲ့သည်ကို “ခင်ဗျားတို့ ယုံနိုင်မလား။ သူတို့သည် ကျွန်တော်တို့နှင့် တစ်ကြိမ်တစ်ခါမျှပင် မတွေ့ခဲ့ဘူးပါ။ အကယ်၍ ကျွန်တော်တို့သည် လူယုတ်မာများဖြစ်ခဲ့ပါက အကျိုးဆက်ကို သူတို့ခံစားရမည်။ ထိုသို့သော ဆုံးဖြတ်ချက်သည် ရဲရင့်သော၊ ကြင်နာသော၊ စွန့်စားသော ဆုံးဖြတ်ချက်ဖြစ်ပြီး မည်သူမျှ ထိုသို့လုပ်ဆောင်နိုင်မည်မဟုတ်ဟု ကျွန်တော်ထင်ပါသည်” ဟု သူရေးသားခဲ့သည်။
ကျွန်တော်တို့သည် အခြားသူများအတွက် ထိုသို့အလေးထားဂရုပြုရန် ဘုရားသခင်အလိုရှိသည်။ သူစိမ်းတစ်ရံဆံများအပေါ်…
အမာရွတ်များမှ သင်ယူခြင်း
ဖေး (Faye) သည် သူမ၏ဝမ်းဗိုက်မှ အမာရွတ်များကို စမ်းလိုက်သည်။ သူမ၏ဝမ်းဗိုက်ကင်ဆာကိုဖယ်ထုတ်ရန် နောက်တစ်ဖန် သူမ ခွဲစိတ်ခံခဲ့ရသည်။ ဤတစ်ကြိမ်တွင် ဆရာဝန်များသည် သူမဝမ်းဗိုက်၏အစိတ်အပိုင်းအချို့ကို ထုတ်ခဲ့ရပြီး၊ သူတို့ ဆောင်ရွက်ခဲ့သည့် ခွဲစိတ်မှုအတိုင်းအတာကို ပြသည့် ဆူးခက်ပုံအမာရွတ်တစ်ခု ကျန်ခဲ့သည်။ “အမာရွတ်တွေက ကင်ဆာရောဂါကြောင့် နာကျင်ခဲ့ရမှု ဒါမှမဟုတ် ကုစားမှု အစ တစ်ခုခုကို ကိုယ်စားပြုတယ်။ ကျွန်မကတော့ ကျွန်မရဲ့အမာရွတ်ကို ကုစားမှုအစ သင်္ကေတတွေအဖြစ် ယူဆသတ်မှတ်လိုက်တယ်” ဟု သူမ၏ခင်ပွန်းကို ပြောခဲ့သည်။
ယာကုပ်သည်လည်း ဘုရားသခင်နှင့် ညလုံးပေါက် လုံးထွေးသတ်ပုတ်ပြီးနောက် အလားတူရွေးချယ်မှုမျိုးကို ကြုံခဲ့ရသည်။ ဘုရားသခင်သည် ယာကုပ်၏ ပေါင်ဆစ်ကိုပြုတ်အောင်ထိုးသောကြောင့် သူသည် ပင်ပန်း၍ထော့နဲ့သွားရသည်။ လပေါင်းမျာစွာ ကြာပြီးနောက် ယာကုပ်က သူ့ပေါင်ချန်ကို နှိပ်နယ်သောအခါ သူမည်သည်ကို ဆင်ခြင်မည်နည်းဟု ကျွန်တော်စဉ်းစားမိသည်။
ထိုသို့လုံးထွေးမှုကို ဖြစ်စေခဲ့သည့် သူ၏နှစ်ပေါင်းများစွာ လှည့်ဖြားနေခဲ့မှုများအတွက် သူနောင်တရနေမည်လား။…
ဘုရားသခင်သည် လုံလောက်သည်ထက် ပိုသည်
အယ်လင် (Ellen) သည် ငွေကြေးကြပ်တည်းနေသောကြောင့် ခရစ္စမတ်ဆုကြေးငွေကို ရရှိသည့်အတွက် ပျော်ရွှင်မိသည်။ ဤမျှနှင့် လုံလောက်ပါပြီ။ သို့သော် ဘဏ်၌ ငွေပေးသွင်းသည့်အခါတွင် နောက်ထပ် အံ့အားသင့်စရာတစ်ခုရခဲ့ပါသည်။ ချေးငွေအတွက် သူမ၏ဇန်နဝါရီလပြန်ဆပ်ငွေကို ဘဏ်မှ ခရစ္စမတ်လက်ဆောင်အဖြစ် သူမ၏စာရင်းရှင်အပ်ငွေထဲသို့ ပေးပို့ထားကြောင်း ဘဏ်စာရေးကပြောသည်။ ယခုတွင် သူမနှင့် ထရေး (Trey) သည် အခြားပေးဆောင်စရာများကို ပေးချေနိုင်ပြီး၊ အခြားသူတစ်ဦးကိုလည်း ခရစ္စမတ်အံ့သြဖွယ်လက်ဆောင် ပေးနိုင်ခဲ့သည်။
ဘုရားသခင်၌ ကျွန်ုပ်တို့ မျှော်လင့်သည်ထက် ကျော်လွန်၍ ကောင်းချီးပေးနိုင်သည့် နည်းလမ်းများရှိပါသည်။ နောမိသည် ခင်ပွန်းနှင့်သားတို့ သေဆုံးခြင်းကြောင့် နာကျည်းကြေကွဲခဲ့ရပြီး (ရုသ ၁:၂၀-၂၁)၊ သူမနှင့်ဆွေမျိုးတော်စပ်သူ ဗောဇက သူမ၏ချွေးမရုသနှင့် အိမ်ထောင်ကျကာ နောမိနှင့်ချွေးမအတွက် မိသားစုကို ဖန်တီးပေးလျက် (၄:၁၀) ကူညီရာမဲ့အခြေအနေမှ သူမကို ကယ်တင်ခဲ့သည်။
နောမိ မျှော်လင့်နိုင်သမျှ ဤအရာက အကုန်ပဲဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က…
ဘုရားသခင် စောင့်ဆိုင်းကြိုဆိုနေသည်
မိုင်ယာမီ (Miami) တက္ကသိုလ်၏ အမေရိကန်ဘောလုံး အားကစားသမားအတွက် Deland McCullough (ဒီလန်မက်ခေါလာ)ကို Sherman Smith (ရှားမန်းစမစ်သ်) စည်းရုံးခဲ့ပြီးနောက် ရှားမန်းသည် ဒီလန်အား သားတစ်ဦးကဲ့သို့ ချစ်လာခဲ့ပြီး၊ ဖခင်မရှိသည့် ဒီလန်အတွက် ဖခင်ဖြစ်လာခဲ့သည်။ ဒီလန် ကလည်း ရှားမန်းအား အလွန်လေးစားအားကျခဲ့ပြီး သူ့လိုလူမျိုးဖြစ်လာရန် ရည်မှန်းကြိုးစားခဲ့သည်။ ဆယ်စုနှစ်များကြာခဲ့ပြီးနောက် ဒီလန်သည် သူ၏မွေးမိခင်ကို ရှာဖွေတွေ့ရှိခဲ့ရာ၊ “မင်းအဖေရဲ့နာမည်က ရှားမန်းစမစ်သ် ပဲ” ဟူသည့် မိခင်၏စကားက သူ့ကို အံ့အားသင့်စေခဲ့သည်။ ထို ရှားမန်းစမစ်သ် ပင် ဖြစ်ပါသည်။ နည်းပြ စမစ်သ် က သူ၌ သားတစ်ဦးရှိမှန်းသိလိုက်ရ၍ အလွန်အံ့ဩသွားသလို ဒီလန်ကလည်း ဖခင်အဖြစ် သူသဘောထားသူက အမှန်ပင် သူ့ဖခင်ဖြစ်နေ၍ အလွန်အံ့ဩခဲ့သည်။
နောက်တစ်ခေါက် သူတို့တွေ့သောအခါ ရှားမန်း က ဒီလန်အား ပွေ့ဖက်ကာ “အဖေ့သား” ဟုခေါ်ခဲ့သည်။…
ဘုရင်သုံးပါး
‘Hamilton’ (ဟာမဲလ်တန်) တေးဂီတပြဇာတ်တွင် အင်္ဂလန်နိုင်ငံ၏တတိယမြောက် ဂျော့ဂျ် ဘုရင် (King George III)ကို စိတ်မနှံ့သည့် ဗီလိန်လူပျက်ဇာတ်ကောင်အဖြစ် ရုပ်လုံးဖော်ထားသည်။ သို့သော် ဂျော့ဂျ် ဘုရင်၏ အတ္ထုပတ္တိအသစ်အရ ဂျော့ဂျ် ဘုရင်သည် ‘Hamilton’ (သို့) အမေရိကန်တို့၏ ‘Declaration of Independence’ (လွတ်လပ်ရေးရကြောင်း ကြေငြာချက်)တွင် ဖော်ပြထားသလိုမျိုး မင်းဆိုးမင်းညစ် မဟုတ်ပါ။ အမေရိကန်လူမျိုးများ ပြောသကဲ့သို့ ဂျော့ဂျ် ဘုရင်သည် ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်ဖြစ်ခဲ့လျှင် သူတို့ လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့မှုကို အပြင်းအထန် တားဆီးခဲ့ပေမည်။ သို့သော် သူ၏“ယဉ်ကျေးကောင်းမွန်သော” စိတ်အခံက သူ့ကို ထိန်းချုပ်ထားခြင်းသာဖြစ်သည်။
ဂျော့ဂျ် ဘုရင်သည် နောင်တစိတ်နှင့် သေဆုံးသွားခဲ့လေသလား။ သူ၏ နိုင်ငံသားများအပေါ် ပိုမိုကြမ်းကြုတ်ခဲ့လျှင် သူ၏အုပ်ချုပ်မှု ပိုမိုအောင်မြင်ခဲ့မည်လား။ မည်သူသိနိုင်မည်နည်း။
ထိုသို့ ဖြစ်ချင်မှဖြစ်မည်။ သမ္မာကျမ်းစာ၌ ညီတော်အပေါင်းနှင့် ဣသရေလ…
ဘုရားသခင် သင့်အမည်ကို ခေါ်တော်မူသည်
သူမကို ပညာသင်ပေးမည်ဟူသည့် ကတိစကားကြောင့် Natalia (နတာလီရာ) သည် တိုင်းတစ်ပါးသို့ သွားရောက်ခဲ့သည်။ သို့သော် မကြာမီတွင် သူမ၏အိမ်အသစ်တွင်ရှိသော ဖခင်သည် သူမအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ စတင်အကြမ်းဖက်ခဲ့သည်။ အခကြေးငွေ မပေးဘဲ သူ၏အိမ်နှင့် သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရန် အဓမ္မစေခိုင်းခဲ့သည်။ သူမကို အိမ်အပြင်ထွက်ခွင့်မပေး၊ ဖုန်းလည်း အသုံးပြုခွင့် မပေးပေ။ သူမသည် သူ၏ကျွန် ဖြစ်သွားတော့သည်။
ဟာဂရသည် အာဗြံနှင့်စာရဲတို့၏ အီဂျစ်လူမျိုး ကျွန်မတစ်ဦးဖြစ်သည်။ မည်သူမျှ သူမကို အမည်တပ်ပြီး မခေါ်ခဲ့ပေ။ “အကျွန်ုပ်၏ကျွန်မ” နှင့် “သင်၏ကျွန်မ” ဟူ၍သာခေါ်သည် (က ၁၆:၂၊ ၅-၆)။ သူတို့၏အမွေစားအမွေခံ မျိုးဆက်ရရှိနိုင်ရန် သူမကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။
ဘုရားသခင်နှင့် ကွာလိုက်ပါဘိ။ သမ္မာကျမ်းစာတွင် ပထမဦးဆုံးပေါ်လာသော ဘုရားသခင်၏ကောင်းကင်တမန်သည် ကန္တာရထဲတွင် ကိုယ်ဝန်ဆောင် ဟာဂရနှင့် စကားပြောခဲ့သည်။ ကောင်းကင်တမန်မှာ…
ခိုလှုံကိုးစားသူများ
Phil (ဖီလ်)နှင့် Sandy (စန္ဒီ)တို့မှာ ဒုက္ခသည်ကလေးသူငယ်များ၏ ဇာတ်လမ်းအဖြစ်အပျက်များ ကြားရသောအခါ စိတ်၌ခံစားရလျက် သူတို့နှလုံးသားတံခါးနှင့် အိမ်တံခါးဖွင့်ပြီး ကလေးနှစ်ဦးကို ကြိုဆိုလက်ခံပေးခဲ့သည်။ ၎င်းတို့ကို လေဆိပ်၌ သွားကြိုခဲ့ပြီးနောက် စိတ်လှုပ်ရှားစွာနှင့် တိတ်ဆိတ်မှုဖြင့် အိမ်သို့ ကားမောင်းလာခဲ့သည်။ ဤအခြေအနေအတွက် သူတို့စိတ်ပြင်ဆင်ထားပြီးပြီလား။ ယဥ်ကျေးမှု မတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်မှုလည်း မတူကြပါ။ သို့သော် ဤအဖိုးတန်သူငယ်များအတွက် ၎င်းတို့သည် ခိုလှုံရာ ဖြစ်ခဲ့ပါပြီ။
ရုသ၏ဇာတ်လမ်းကြောင့် ဘောဇ၏စိတ်၌ ခံစားခဲ့ရသည်။ နောမိကို မစရန် ရုသသည် သူ့လူမျိုးကို ချန်ရစ်ခဲ့ကြောင်း သူသိခဲ့ရပြီး၊ ရုသက သူ့လယ်၌ စပါးကျန် လာကောက်သောအခါ သူက “သင့်အမှု၏အကျိုးကို ထာဝရဘုရားပေးတော်မူပါစေသော။ သင်သည် အတောင်တော်အောက်၌ ခိုလှုံခြင်းငှာ ချဥ်းကပ်သော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် စုံလင်သောဆုကို
ချတော်မူပါစေသော” ဟု ကောင်းချီးပေးခဲ့သည် (ရုသ ၂:၁၂)။
တစ်ည၌…